ဖြူး  ဧပြီ ၁၆

 

၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို အနယ်နယ်အရပ်ရပ်တွင် ဆင်နွှဲလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ဖြူးချောင်းဆည်သို့ သွားရောက်၍ ရေပိုလွှဲတွင် ရေကစားသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

 

"တကယ်တော့ ဖြူးချောင်းဆည်က အပန်းဖြေစရာနေရာတော့ မဟုတ်ပေမယ့် အခုလို စည်ကားနေ တာပါပဲ၊ ဖြူးမှာဆိုရင် ရေချိုးရေကစားမယ်ဆိုရင် ဖြူးချောင်းလဲရှိတယ်၊ ဒီမှာက လာတဲ့သူတွေများတယ်၊ ကျွန်တော်တို့ကတော့ တဲလေးတွေထိုးပြီး ဈေးရောင်းတာပေါ့၊ အဆာပြေစားစရာလေးတွေ ရောင်းဖြစ်တယ်၊ ဒီဖြူးချောင်းဆည်မှာ ဒီနှစ် လာရောက်ရေကစားသူတွေ  ပိုများတယ်လို့ ထင်ရတယ်၊ ဘောကွင်းများ စီစဉ်ငှားပေးတာတွေလဲ ရှိတယ်" ဟု ဒေသခံဈေးရောင်းချသူ တစ်ဦးက ပြောသည်။

 

ဖြူးချောင်းဆည်သည် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်(၁၁၅)မိုင်၊ အနောက်ဘက် (၅)မိုင် အကွာအဝေးတွင် တည်ရှိပြီး ဖြူးဒေသအနေဖြင့် အခြားအားလပ်ရက်များတွင် ရေချိုးခြင်း၊ ရေကစားခြင်းနှင့် အပန်းဖြေခြင်းများအနေဖြင့် သွားရောက်လျက်ရှိကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)