ရေကြည် ဧပြီ ၁၇
ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့ နေဝင်းရပ်ကွက် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရုံးဝန်းအတွင်းရှိ စိမ်လဲ့ရေကြည်ခန်းမ၌ ဧပြီ ၁၇ ရက် နံနက် ၈ နာရီ တွင် သက်ကြီးဘိုးဘွား(၁၈)ဦးအား ပူဇော်ပွဲ အခမ်းအနားပြုလုပ်ကြောင်း သိရသည်။
၁၃၈၄ ခုနှစ် မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ ယဉ်ကျေးမှုဓလေ့ထုံးစံ အတိုင်း သက်ကြီးဘိုးဘွားများအား ရိုသေကိုင်းရှိုင်းသည့်အနေဖြင့် သက်ကြီးဘိုးဘွား ပူဇော်ပွဲ ပြုလုပ် ခြင်းဖြစ်သည်။
အခမ်းအနား ကျင်းပပြုလုပ်ရာတွင် ရေကြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဝင်း၊ မြို့နယ်ရဲမှူးအောင်ကိုကိုနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့ပေါ်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးများက ရေကြည်မြို့ပေါ်အတွင်းရှိ သက်ကြီးဘိုးဘွား(၁၈)ဦးအား တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)နှင့် ငွေကျပ်(၂၀၀၀၀) တန်ဖိုးရှိ ပစ္စည်းခြင်း တစ်ခုစီဖြင့် ပူဇော်ကန်တော့ကြကြောင်း သိရသည်။
ဆန်းတင့်(ရေကြည်)