သဲကုန်း ဧပြီ ၁၇
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသော သဲကုန်းမြို့ပေါ်(၄)ရပ်ကွက်မှ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား ရှိခိုးပူဇော် ကန်တော့ခဲ့ကြသည်။
သဲကုန်းမြို့နယ်၏ မြန်မာနှစ်ဆန်းတစ်ရက်နေ့အထိမ်းအမှတ် သက်ကြီးပူဇော်ပွဲတွင် အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားတစ်ဦးလျှင် နှစ်ဦးပူဇော်ကန်တော့ငွေ တစ်သောင်းကျပ်စီ ပေးအပ်လှူဒါန်းခဲ့ကြကာ သက်ကြီးပူဇော်ပွဲသို့ မတက်ရောက်နိုင်သော ဘိုးဘွားများကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများက နေအိမ်အရောက် လိုက်လံကန်တော့ သွားမည်ဖြစ်သည်။ အဆိုပါ သက်ကြီးပူဇော်ပွဲတွင် မြို့ပေါ်(၄)ရပ်ကွက်ရှိ အသက်(၈၅)နှစ် အထက် အဘိုးအဘွား(၁၀၃)ဦးအား ပူဇော်ကန်တော့ကြကြောင်း သိရသည်။
ဝင့်နန္ဒာဌေး (မြို့နယ် ပြန်/ဆက်)