မုဒုံ ဧပြီ ၁၇
၁၃၈၄ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့တွင် မွန်ပြည်နယ် မုဒုံမြို့ပေါ်ရှိ အသက်(၉၀)နှစ်နှင့်
အထက် သက်ကြီးဘိုးဘွားများပူဇော်ပွဲနှင့် ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနားကို ဧပြီ ၁၇ ရက် နံနက် ၈ နာရီက မြို့မ(၄)ရပ်ကွက်ရှိ ကန်ကြီးသာသနာ့ဗိမာန်တော်၌ ကျင်းပသည်။
ရှေးဦးစွာ သက်ကြီးဘိုးဘွားများပူဇော်ပွဲ၊ ဇီဝိတဒါနငါးလွှတ်ပွဲနှင့် နှစ်ဦးအန္တရာယ် ကင်းပရိတ်တရားတော် နာယူပွဲအခမ်းအနားပြုလုပ်ရခြင်းနှင့် ပတ်သက်၍ မုဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်ဇော်က ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော ဧည့်ပရိတ်သတ်အပေါင်းတို့က ဘိုးဘွားများအား ကန်တော့၍ မုဒုံမြို့နယ်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီးကျော်ဝင်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အလှူရှင်များက ဘိုဘွား တစ်ဦးလျှင် ငွေကျပ်(၇၀၀၀၀)နှုန်းဖြင့် ဘိုးဘွား (၁၅၁)ဦးအား စုစုပေါင်းလှူဒါန်း တန်ဖိုးငွေကျပ် (၁၀,၅၇၀,၀၀၀)ကို လှူဒါန်းပြီး ဘိုးဘွားများ၏ ကိုယ်စား ဘိုးဘွားတစ်ဦးက နှစ်ဦးဆုမွန်တောင်းစကား ပြန်လည်ပြောကြားခဲ့သည်။
ယင်းနောက် ကန်ကြီးမင်္ဂလာကန်တော်၌ တက်ရောက်လာကြသော တာဝန်ရှိသူများ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဇီဝိတဒါန ငါးလွှတ်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)