ချောင်းဆုံ ဧပြီ ၁၇
မဟာသင်္ကြန်နှစ်ဆန်းတစ်ရက်နေ့တွင် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ရေကစားမဏ္ဍပ်များနှင့် သက္ကောကျေးရွာဘုရားပွဲတွင် အေးချမ်းပျော်ရွှင်စွာ ရေကစားကြသူများ၊ ဘုရားဖူးများဖြင့် စည်ကား လျက်ရှိသည်။
နှစ်သစ်ကူးမဟာသင်္ကြန် နှစ်ဆန်းတစ်ရက်နေ့တွင် မြို့နယ်အတွင်းရှိ ကျေးရွာ ရွာစဉ်အလိုက် ဘုရားပွဲတော်များကို ပြီးခဲ့သည့်နှစ်က ကိုဗစ်-၁၉ ဖြစ်ပွားနေသည့်အတွက် ရပ်နားထားရာ ယခုနှစ်တွင်မူ ရှေးရိုးရာမပျက် စည်ကားစွာကျင်းပခဲ့ရာ သက္ကောကျေးရွာဘုရားပွဲတော်တွင် ပြည်သူများ စည်ကားစွာ ရေကစားလျက်ရှိကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)