ဇလွန် ဧပြီ ၁၇
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဇလွန်မြို့နယ် မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီး၌ နှစ်ဆန်းတစ်ရက်နေ့တွင် ဘုရားဖူးကုသိုလ်ယူသူများဖြင့် စည်ကားလျက်ရှိသည်။
ဇလွန်မြို့နယ် မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး၌ နှစ်ဆန်းတစ်ရက်နေ့တွင် မြတ်စွာ ဘုရားကြီးအား ရွှေသင်္ကန်းကပ်လှူခြင်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာတိုင် ကပ်လှူပူဇော်သူများ၊ ဘုရားဖူးလာကုသိုလ်ယူသူများဖြင့်စည်ကားလျက်ရှိပြီး မြန်မာနှစ်ဆန်း တစ်ရက်နေ့တွင် ဇီဝိတဒါန ကုသိုလ်ပြု ငါးလွှတ်ပွဲ၊ သက်ကြီးဘိုးဘွားပူဇော်ပွဲ၊ နှစ်ဦးအန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ပွဲများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဝေယံ(ဇလွန် ပြန်/ဆက်)