ဆိုးလ်   ဧပြီ   ၁၇

တောင်ကိုရီးယားနိုင်ငံ၌  လွန်ခဲ့ သော ၂၄ နာရီ နှင့် နှိုင်းယှဉ်ကြည့် လျှင် ဧပြီ ၁၇ ရက်သန်းခေါင်ယံ အထိ  ကိုဗစ်-၁၉ ကူးစက်ခံရသူ ၉၃၀၀၁    ဦး  ထပ်မံတွေ့ရှိလာ သဖြင့် ကိုဗစ်-၁၉   ကူးစက် ခံရသူ စုစုပေါင်းမှာ  ၁၆၃၀၅၇၅၂  ဦး တိုးလာပြီဖြစ်ကြောင်း  ကျန်းမာ ရေးအာဏာပိုင်များက ပြောကြား သည်။

တောင်ကိုရီးယားနိုင်ငံ၌ ပြီးခဲ့ သည့် ရက်သတ္တပတ်အစောပိုင်း က ကိုဗစ်-၁၉   ကူးစက်ခံရသူ ၁၆၄၄၅၆ ဦးရှိခဲ့ရာမှ  ပြီးခဲ့သည့် ရက်က    ကိုဗစ်-၁၉    နေ့စဉ် ကူးစက်ခံရသူ   ၁၀၇၉၁၆  ဦး   လျော့ကျလာကြောင်း    ကိုရီးယား ရောဂါ   ကာကွယ်ထိန်းချုပ်ရေး အေဂျင်စီ၏ ဖော်ပြချက်အရ သိရ သည်။
တောင်ကိုရီးယားနိုင်ငံ၌ မတ် လလယ်က ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် မျိုးကွဲ BA.2 ကူးစက်မှု လျင်မြန်စွာ   ပျံ့နှံ့လာပြီးနောက် ကိုဗစ်-၁၉ နေ့စဉ်ကူးစက်မှုနှုန်း မှာ ပြန်လည်ဖြစ်ပွားလာသည်ဟု ကျန်းမာရေး အာဏာပိုင်များက ယူဆကြသည်။

တောင်ကိုရီးယား   နိုင်ငံ၌ ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ များအနက် ၁၈ ဦးမှာ ပြည်ပပြန် ကူးစက်ခံရသူများဖြစ်ပြီး စုစုပေါင်း ပြည်ပပြန်ကူးစက်ခံရသူ   အရေ အတွက်မှာ ၃၁၅၈၅ ဦး ရှိလာပြီ ဖြစ်သည်။
တောင်ကိုရီးယား   နိုင်ငံ၌ ကိုဗစ်-၁၉  ကူးစက်ခံရသူများ အနက် ရောဂါပြင်းထန်စွာ ခံစား နေရသူ ၈၉၃ ဦးရှိပြီး ပြီးခဲ့သည့် ရက်ကထက် ၂၀ လျော့နည်းသွား ကြောင်း သိရသည်။

တောင်ကိုရီးယား   နိုင်ငံ၌ ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံး သူ ၂၀၃ ဦးရှိလာသဖြင့် သေဆုံး သူ စုစုပေါင်းမှာ၂၁၀၉၂ ဦးရှိလာရာ   သေဆုံးမှုနှုန်းမှာ ရာခိုင်နှုန်းအား ဖြင့် ၀ ဒသမ ၁၃   ရာခိုင်နှုန်းရှိ ကြောင်း သိရသည်။

တောင်ကိုရီးယား   နိုင်ငံ၌ ကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသူမှာ  နိုင်ငံလူဦးရေ၏ ၈၆ ဒသမ ၈ ရာခိုင်နှုန်းရှိပြီး အပို ဆောင်း ကာကွယ်ဆေး ထိုးနှံပြီး     သူ စုစုပေါင်းမှာ    ၆၄  ဒသမ ၃ ရာခိုင်နှုန်း  ရှိပြီဖြစ်ကြောင်း သိရ သည်။                           

ဆင်ဟွာ