ဟနွိုင်း    ဧပြီ    ၁၇

ဗီယက်နမ်နိုင်ငံ၌ ဧပြီ ၁၆ ရက်က ကိုဗစ်-၁၉ ကူးစက်ခံရသူ ၃၈၁၄ ဦးရှိရာမှ  ဧပြီ   ၁၇   ရက်တွင် ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၁၄၆၆၀  ရှိလာကြောင်း ကျန်းမာ ရေးဝန်ကြီးဌာန၏   ဖော်ပြချက် အရ သိရသည်။

ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူများမှာ မြို့နယ် နှင့် ပြည်နယ် ၆၀ မှ ကူးစက်မှုများ ဖြစ်ပြီး အဆိုပါကူးစက်ခံရသူများ မှာ ပြည်တွင်းကူးစက်မှုများဖြစ် ကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံ၌   ဧပြီ ၁၇ ရက်တွင်   ကိုဗစ်-၁၉   ထပ်မံ ကူးစက်ခံရသူများမှာ      မြို့တော်  ဟနွိုင်းတွင် ၁၂၅၃ ဦး ရှိကြောင်း၊ နိုင်ငံ၏မြောက်ပိုင်း ပြည်နယ်များ ဖြစ်သည့် ယင်ဘိုင်းပြည်နယ်တွင် ၈၀၁  ဦးနှင့်   ကွမ်နင်းပြည်နယ် တွင် ၇၇၈  ဦးတို့ရှိကြောင်း     သိရ သည်။

ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်ခံရသူ      စုစုပေါင်းမှာ ၁၀၄၃၂၅၄၇ ဦး ရှိသည့်အနက် သေဆုံးသူ စုစုပေါင်းမှာ ၄၂၉၄၄ ဦးရှိကြောင်း သိရသည်။ ကိုဗစ်-၁၉ ကူးစက်ခံရပြီး ပြန်လည်ကျန်းမာ လာသူ    စုစုပေါင်းမှာ ၈၉၃၆၈၄၆ ဦးရှိကြောင်း  သိရသည်။

ဗီယက်နမ်နိုင်ငံ၌   အသက် ၁၈ နှစ်နှင့်အထက်   ပြည်သူများ အား ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံးရေ ၁၉၂ ဒသမ ၂ သန်း ထိုးနှံ ပေးမှုအပါအဝင်   နိုင်ငံအတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးအလုံး ရေ ၂၀၉ ဒသမ ၅ သန်းခန့်   ထိုးနှံ ပေးပြီးဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ သိရသည်။

ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကို      စတုတ္ထလှိုင်းအထိ တွေ့ကြုံခဲ့ရသည်။   ၂၀၂၁  ဧပြီလ လက်ရှိ  စတုတ္ထလှိုင်းစတင်သည့် အချိန်မှစကာ ယခု ဧပြီ ၁၇   ရက် အထိ     ကိုဗစ်-၁၉   ပြည်တွင်း ကူးစက်ခံရသူ   ၁၀ ဒသမ ၄ သန်း  ကျော်ရှိကြောင်း      ကျန်းမာရေး ဝန်ကြီးဌာန၏ ဖော်ပြချက်အရ သိရသည်။   
               ဆင်ဟွာ