ဘန်ဒါဆရီဘီဂါဝန်  ဧပြီ  ၁၇

ဘရူနိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၁၇၆ ဦး ရှိလာသဖြင့် ကိုဗစ်-၁၉ ကူးစက်ခံရသူစုစုပေါင်း  ၁၄၀၀၂၃ ဦး ရှိလာပြီဖြစ်သည်။

ဘရူနိုင်းနိုင်ငံအတွင်း ကိုဗစ်-၁၉   ကူးစက်ခံရသူစုစုပေါင်း ၁၄၀၀၀၀ ကျော်ရှိလာသဖြင့် နိုင်ငံလူဦးရေ ၄၂၀၀၀၀ ရှိရာမှ ကိုဗစ်-၁၉ ကူးစက်ခံရသူအရေအတွက်မှာ နိုင်ငံလူဦးရေ၏ သုံးပုံ တစ်ပုံခန့် ရှိလာပြီဖြစ်ကြောင်း သိရသည်။ 

ဘရူနိုင်းနိုင်ငံ၌  ကိုဗစ်-၁၉ တတိယလှိုင်း ဖြစ်ပေါ်ခဲ့သည့် မတ် ၃ ရက်က ကိုဗစ်-၁၉ ကူးစက်ခံရသူ ၄၈၈၅ ဦးရှိခဲ့ရာ ကူးစက်မှု အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။ မတ် ၂၄ ရက်မှ စတင်ကာ  ကိုဗစ်-၁၉ နေ့စဉ် ကူးစက်မှုနှုန်း    ၁၀၀၀  အောက်    လျော့နည်းနေသည်မှာ ၂၅ ရက်ဆက်တိုက်ရှိပြီဖြစ်သည်။
ဘရူနိုင်းနိုင်ငံ၌ ဧပြီ ၁၆ ရက်အထိ   ကိုဗစ်-၁၉  ကာကွယ်ဆေး တတိယအကြိမ်ထိုးနှံပြီးသူ    အရေအတွက်မှာ       နိုင်ငံလူဦးရေ၏ ၆၂ ဒသမ ၈ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ဘရူနိုင်းနိုင်ငံ၌ ဖိုက်ဇာ၊ ဘိုင်အိုတက်ခ်၊ မော်ဒါနာ၊ အက်စ်ထရာ ဇနီကာနှင့် တရုတ်နိုင်ငံထုတ် ဆီနိုဖမ်းစသည့် ကိုဗစ်-၁၉ ကာကွယ် ဆေးများ ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဘရူနိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်ခံနေရသူ ၁၄၀၂ ဦးရှိပြီး ကိုဗစ်-၁၉ ‌ရောဂါမှ  ပြန်လည်ကျန်းမာလာသူ  ၁၃၈၄၀၃  ဦး ရှိပြီဖြစ်ကြောင်း သိရသည်။                                             

ဆင်ဟွာ