နယူးဒေလီ ဧပြီ ၁၇
အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရ သူ ၁၁၅၀ ထပ်မံတွေ့ရှိရာ ကိုဗစ်-၁၉ ကူးစက်ခံရသူ စုစုပေါင်း ၄၃၀၄၂၀၉၇ ဦးရှိပြီဖြစ်ကြောင်း ဖက်ဒရယ်ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံး ထုတ်ပြန်သည့်အချက်အလက်အရ သိရသည်။
အိန္ဒိယနိုင်ငံ၌ ဧပြီ ၁၆ ရက် နံနက်ပိုင်းမှစတင်ကာ ကိုဗစ်-၁၉ ကြောင့် ထပ်မံသေဆုံးသူ လေးဦးရှိသဖြင့် စုစုပေါင်းသေဆုံးသူ ၅၂၁၇၅၁ ဦး ရှိပြီဖြစ်သည်။
လက်ရှိတွင် အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်ခံနေရသူ ၁၉၂ ဦး တိုးလာသောကြောင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကုသမှုခံယူပြီး စောင့်ကြည့်နေရသူ ၁၁၅၅၈ ဦး ရှိနေဆဲဖြစ်သည်။
အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက် ခံရပြီး ပြန်လည်ကျန်းမာလာသူအရေအတွက်မှာ ၉၅၄ ဦး ရှိလာ သဖြင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာကာ ဆေးရုံမှ ဆင်းခွင့်ရသူ အရေအတွက် စုစုပေါင်းမှာ ၄၂၅၀၈၇၈၈ ဦး ရှိလာပြီ ဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ