လန်ဒန် ဧပြီ ၁၇
ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် အိန္ဒိယ နိုင်ငံနှင့် နှစ်နိုင်ငံလုံခြုံရေးဆိုင်ရာဆက်ဆံရေးတိုးမြှင့် ဆောင်ရွက် ရန် ယခုသီတင်းပတ်အတွင်း အိန္ဒိယနိုင်ငံသို့ အလည်အပတ် ခရီးသွားရောက်မည်ဖြစ်ကြောင်း သိရသည်။
ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် ဧပြီ ၂၂ ရက်တွင် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မိုဒီနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ် ပြီး ယင်းသို့ဆွေးနွေးရာတွင် ကာကွယ်ရေးနှင့် ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များကို အဓိက ဦးစားပေး ဆွေးနွေးမည်ဖြစ် ကြောင်း သိရသည်။
ယင်းခရီးစဉ်သည် ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်၏ အိန္ဒိယနိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်မည့် ခရီးစဉ်ဖြစ်လာမည်ဖြစ်ကြောင်းနှင့် ယခင်က အိန္ဒိယနိုင်ငံသို့ သွားရောက်ရန် စီစဉ်ခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါကြောင့် ရွှေ့ဆိုင်းခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်ရေး၊ ကာကွယ်ရေး၊ စွမ်းအင်နှင့် စားနပ် ရိက္ခာဖူလုံရေးတို့တွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန်အတွက် ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး လစ်ထရက်စ်သည် ပြီးခဲ့သည့်လ အတွင်းက အိန္ဒိယနိုင်ငံသို့ အလည် အပတ်ခရီး သွားရောက်ခဲ့ကြောင်း လည်း သိရသည်။
ကိုးကား-ဘီဘီစီ
ဘာသာပြန်-အလင်းသစ်