ပြုံယမ်း ဧပြီ ၁၇
မြောက်ကိုရီးယားနိုင်ငံက ပဲ့ထိန်းဒုံးကျည် အမျိုးအစားသစ်တစ်မျိုးကို ယမန်နေ့က အောင်မြင် စွာ စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း ယနေ့သတင်းများ အရ သိရသည်။
အဆိုပါ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုကို ခေါင်းဆောင်ကင်ဂျုံအန်က ကြီးကြပ်ကြည့်ရှုခဲ့ ကြောင်း အာဏာရအလုပ်သမားပါတီသတင်းစာ ရိုဒေါင်ဆင်မန်က သတင်းဖော်ပြသည်။
ယင်းဒုံးကျည်အမျိုးအစားသစ်သည် တာတို တိုက်ချင်းပစ် ဒုံးကျည်အမျိုးအစားဖြစ်ကြောင်း သိရသည်။
ဒုံးပစ်စင်မှ အဆိုပါဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုနှင့် ခေါင်းဆောင်ကင်က လက်ခုပ်တီးအားပေး မှုဆိုင်ရာ မှတ်တမ်းတင်ဓာတ်ပုံများကို အဆိုပါ သတင်းစာက ဖော်ပြခဲ့သည်။
ယင်းသို့ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုဆိုင်ရာ ကြိုးပမ်းချက်များသည် နိုင်ငံ၏ နျူကလီးယားဖွံ့ဖြိုး မှုအစီအစဉ်ကို ပိုမိုအားကောင်းစေမည်ဖြစ်ကြောင်း ယင်းသတင်းစာတွင် ဖော်ပြထားသည်။
အဆိုပါဒုံးကျည်စမ်းသပ်ပစ်လွှတ်ခြင်းသည် ဧပြီ ၁၈ ရက်တွင် စတင်မည့် အမေရိကန်နှင့် တောင်ကိုရီးယား နှစ်နိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် ဆောင်ရွက်ခြင်းဖြစ် ကြောင်း နိုင်ငံရေးစောင့်ကြည့်လေ့လာသူများက သုံးသပ်ပြောကြားသည်။
မြောက်ကိုရီးယား၏ ငါးနှစ်တာ ကာကွယ်ရေး အစီအစဉ်ကို လွန်ခဲ့သောဇန်နဝါရီလတွင် ကြေညာ ခဲ့ပြီး တိုက်ချင်းပစ်ဒုံးကျည်ကဲ့သို့ ဒုံးကျည်အမျိုးအစား အများအပြားကို စမ်းသပ်ပစ်လွှတ်ပြီးဖြစ်ကြောင်း သိရသည်။
ကိုးကား- အင်န်အိတ်ချ်ကေ
ဘာသာပြန်- အောင်ကျော်ကျော်