ဧပြီ ၁၈

 

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၁၈၃ ဦး ထပ်မံတွေ့ရှိခဲ့သဖြင့် ရောဂါကူးစက်ဖြစ်ပွားသူဦးရေ ၄၃၀၄၄၂၈၀ အထိ မြင့်တက်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သော အချက်အလက်တွင် ဖော်ပြထားသည်။

 

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ၂၁၄ ဦး ထပ်မံသေဆုံးခဲ့ပြီးနောက် သေဆုံးသူပေါင်း ၅၂၁၉၆၅ ဦး ရှိလာသည်။

 

ပြီးခဲ့သည့် နှစ်လခွဲအတွင်း ကိုဗစ်ရောဂါကူးစက်မှုနှင့်သေဆုံးမှုဦးရေတို့ မြင့်တက်လာကြောင်း ထိုဝန်ကြီးဌာနက ထုတ်ပြန်သောအချက်အလက်တွင် ဖော်ပြထားသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါဖြစ်ပွားဆဲလူနာ ၁၁၅၄၂ ဦး ရှိသည်ဟု သိရသည်။

 

နိုင်ငံအတွင်း ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၁၉၈၅ ဦး အပါအဝင်  ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီး ဆေးရုံများမှဆင်းသွားသူပေါင်း ၄၂၅၁၀၇၇၃ ဦး ရှိလာသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို