ဧပြီ ၁၈
တရုတ်နိုင်ငံပြည်မကြီးတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၇၂၃ ဦးတွေ့ရှိကြောင်းနှင့် ၎င်းတို့မှာ ပြည်တွင်းကူးစက်မှု ဖြစ်ကြောင်း တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က ယနေ့သတင်းထုတ်ပြန်သည်။
ထပ်မံကူးစက်ခံရသူများအနက် ၂၄၁၇ ဦးသည် ရှန်ဟိုင်းမြို့မှဖြစ်သည်ဟု သိရသည်။ ကိုဗစ်ရောဂါ ပြည်တွင်း ကူးစက်မှုတွင် ရှန်ဟိုင်းမြို့အပြင် ပြည်မကြီးအတွင်းရှိ အခြားသော ခရိုင်အဆင့်ရှိဒေသ ၁၅ ခုတို့တွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံပြည်မကြီးတွင် ယမန်နေ့က ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းသွားသူ ၁၆၃၇ ဦးရှိကြောင်း ဖော်ပြထားသည်။
ယမန်နေ့ကအထိ ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံများမှဆင်းသွားသူပေါင်း ၁၅၁၄၀၇ ဦးရှိသည်။
ရှန်ဟိုင်းမြို့တွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သုံးဦး ထပ်မံသေဆုံးခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို