တူးနစ်   ဧပြီ   ၁၉

 

တူနီးရှားနိုင်ငံရှိ လောင်စာဆီတင်သင်္ဘောနစ်မြုပ်မှုမှ တစ်ဆင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများ ရှိလာနိုင်သဖြင့်  လိုအပ်သည့် သဘာဝဘေးကာကွယ်ရေးဆိုင်ရာ အစီအမံများဆောင်ရွက်ရန်  တူနီးရှားရေတပ်မှ  တာဝန်ရှိသူများအား သမ္မတကိုင်ဆီက ယမန်နေ့တွင် ညွှန်ကြားခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။ 

 

တာဝန်ရှိသူများအကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် အဆိုပါသင်္ဘောမှ သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းစေမည့်အရာများ  ပင်လယ်ထဲသို့ မရောက်ရှိစေရန် ပြင်ဆင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နှင့် အဆိုပါသဘာဝဘေးဆိုင်ရာအရေးတွင် ကူညီဆောင်ရွက်ရန် နိုင်ငံအများအပြားကလည်း  အဆိုပြုခဲ့ကြကြောင်း အဆိုပါ ထုတ်ပြန်ချက်အရသိရသည်။

 

 လောင်စာဆီတန်ချိန်   ၇၅၀  တင်ဆောင်ထားသည့် အဆိုပါသင်္ဘောသည်  တူနီရှားအရှေ့တောင်ပိုင်း   ဂါဘီးစ် ကမ်းရိုးတန်းတွင်   နစ်မြုပ်သွားခဲ့ရာ  လက်ရှိအချိန်အထိ သင်္ဘောသားခုနစ်ဦး  ကယ်ဆယ်ထားနိုင်ခဲ့သည်။ အီဂျစ်နိုင်ငံမှ မော်လ်တာနိုင်ငံသို့ ဦးတည်ခုတ်မောင်းလာသည့် အဆိုပါသင်္ဘောသည် ရာသီဥတုဆိုးရွားမှုကြောင့် တူနီးရှားရေပိုင်နက် အတွင်း ခိုလှုံခွင့်တောင်းစဉ် အထက်ပါမတော်တဆမှုဖြစ်ပွား ခဲ့သည်။     

 

ကိုးကား - ဆင်ဟွာ၊

ဘာသာပြန် - စိုးသူရ