ဧပြီ ၁၉ 

 

စင်ကာပူနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေ ၂၄၈၀ ထပ်မံတွေ့ရှိခဲ့ရာ ရောဂါကူးစက်ခံရသူပေါင်း ၁၁၆၂၇၈၀ ရှိပြီ ဖြစ်သည်။

 

အဆိုပါထပ်မံရောဂါကူးစက်ခံရသူများအနက် ၂၄၀၂ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်ပြီး ၇၈ ဦးသည် ပြည်ပကူးစက်မှုတို့ ဖြစ်သည်။

 

ပြည်တွင်းကူးစက်မှုတွင် ၂၆၃ ဦးကို ပီစီအာစမ်းသပ်စစ်ဆေးမှုဖြင့် တွေ့ရှိခဲ့ပြီး အေအာတီ စမ်းသပ်စစ်ဆေးမှုဖြင့် ၂၁၃၉ ဦး တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ဆေးရုံအသီးသီးတွင် ကုသမှုခံယူနေဆဲလူနာ ၂၆၁ ဦးရှိပြီး ကိုးဦးသည် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသည်။

 

ယမန်နေ့က ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားမှုကြောင့် သေဆုံးသူမရှိပေ။ ထိုကိုဗစ်ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူပေါင်း ၁၃၁၆ ဦး အထိရှိလာသည်ဟု ထိုဝန်ကြီးဌာနက ဆိုသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို