ကျောက်ဆည်၊ ဧပြီ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သောက်သုံးရေ အခက်အခဲရှိသော ကျေးရွာများအား သောက်သုံးရေဖူလုံစွာရရှိရေး ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးရွာ(၄)ရွာအား ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် (၉၅၉)သိန်းကျော်ဖြင့် ရေပေးရေလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။။

လုပ်ငန်းများဆောင်ရွက်ရာ၌ ထားဝယ်ကျေးရွာတွင် ခွင့်ပြုရန်ပုံငွေကျပ်သိန်း (၁၂၀) အကုန်အကျခံကာ အလျား(၁၀)ပေ၊ အနံ(၁၀)ပေ၊ အမြင့်(၄)ပေရှိ ရေဂါလန် (၂၄၀၀)ဆံ့ ရေကန်(၁)ကန်နှင့် စင်မြင့်ရေစင် (၁)ခု၊ ငှက္ကတောင်ကျေးရွာတွင် ခွင့်ပြုရန်ပုံငွေကျပ် (၁၆၃ ဒသမ ၀၀၉)သိန်းဖြင့် အကျယ်(၂)လက်မ၊ အရှည် (၂၈၀၀)ပေ (PVC) ပိုက်သွယ်တန်းခြင်းနှင့် ရေဂါလန်(၂၄၀၀)ဆံ့ ရေကန်(၁)ကန်နှင့် စင်မြင့်ရေစင်(၁)ခု၊ အရှေ့ငယ်တိုးကျေးရွာတွင် ခွင့်ပြုရန်ပုံငွေကျပ် (၃၄၆ ဒသမ ၀၇၇)သိန်းဖြင့် အကျယ်(၄)ပေ၊ အနက် (၅၀၀)ပေ စက်ရေတွင်း(၁)တွင်း၊ ရေဂါလန်(၂၄၀၀)ဆံ့ ရေကန်(၁)ကန်၊ စင်မြင့်ရေစင်(၁)စင်၊ အလျား(၅)ပေ၊ အနံ(၅)ပေ၊ အမြင့်(၇)ပေရှိ ရေစက်ရုံ(၁)ရုံ၊ အကျယ်(၂)လက်မ အရှည်(၅၂၈၀)ပေ (PVC)ပိုက်သွယ်တန်းခြင်း၊ ကုန်းကြီးကျေးရွာတွင် ခွင့်ပြုရန်ပုံငွေကျပ် (၃၂ ဒသမ ၀၉၈)သိန်း အကုန်အကျခံကာ  အကျယ် (၄)ပေ၊ အနက်(၅၀၀)ပေ၊ စက်ရေတွင်း(၁)တွင်း၊ ရေဂါလန်(၂၄၀၀)ဆံ့ ရေကန်(၁)ကန်၊ စင်မြင့်ရေစင်(၁)စင်၊ ရေစက်ရုံ(၁)ရုံနှင့် အကျယ်(၂)လက်မ၊ အရှည်(၁)မိုင်၊ (PVC) ပိုက်သွယ်တန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါလုပ်ငန်းများ ပြီးစီးသွားပါက ထားဝယ်ကျေးရွာမှ အိမ်ခြေ(၂၀၅)အိမ်၊ လူဦးရေ (၈၄၆)ဦး၊ ငှက္ကတောင်ကျေးရွမှ အိမ်ခြေ(၂၅၃)အိမ်၊ လူဦးရေ(၁၁၉၅)ဦး၊ အရှေ့ငယ်တိုးကျေးရွာမှ အိမ်ခြေ (၆၇၅)အိမ်၊ လူဦးရေ(၃၂၉၁)ဦး၊ ကုန်းကြီးကျေးရွာမှ အိမ်ခြေ(၄၇၆)အိမ်၊ လူဦးရေ(၂၀၇၇)ဦးအတွက် သောက်သုံးရေများ ရာသီမရွေး လုံလောက်စွာ သုံးစွဲနိုင်တော့မည်ဖြစ်ပြီး ကျွဲ၊ နွား တိရစ္ဆာန်များအတွက်လည်း များစွာအဆင်ပြေမည် ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းအေးထံမှ သိရှိရသည်။

သက်မောင်