နေပြည်တော် ဧပြီ ၂၀
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇော်ဝင်းသည် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်၊ ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၊ ဇေယျာသီရိမြို့နယ် ကျောက်ချက်အခြေခံပညာ အထက်တန်းကျောင်းနှင့် ဉတ္တရသီရိမြို့နယ်ရှိ မြို့နယ် ပညာရေးမှူးရုံးများသို့ ရောက်ရှပြီး သင်ရိုးသစ် ပဥ္စမတန်း (Grade 5) ဗဟိုအဆင့် နည်းပြအွန်လိုင်းသင်တန်း သင်ကြား သင်ယူနေမှုများကို ကြည့်ရှုအားပေးသည်။
ထိုသို့ကြည့်ရှုအားပေးစဉ် ဒုတိယဝန်ကြီးက အွန်လိုင်းစနစ်ဖြင့် သင်ကြား၊ သင်ယူရာတွင် အရုပ်စနစ်နှင့် အသံစနစ် ကောင်းမွန်ကြည်လင်အောင် ဆောင်ရွက် ပေးကြရမည်ဖြစ်ကြောင်း၊ သင်တန်းသား ဆရာ ဆရာမများအနေဖြင့် ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်းများ ပြန်လည်ဖွင့်လှစ်သင်ကြားကြရမည်ဖြစ်သဖြင့် နားလည်တတ်ကျွမ်းအောင် သင်ယူကြစေလို ကြောင်း၊ သက်ဆိုင်ရာဘာသာရပ်များ ကျွမ်းကျင် ပိုင်နိုင်စွာ သင်ကြားသည်များကို ပေါင်းစပ ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
သင်ရိုးသစ် ပဥ္စမတန်း (Grade 5) ဗဟိုအဆင့်နည်းပြ အွန်လိုင်းသင်တန်းကို ဧပြီ ၂၀ ရက်မှ ၂၅ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


