ကသာ ဧပြီ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၊ အမှတ်(၅)ရပ်ကွက်၊ (၁)လမ်းတွင် ဧပြီ ၂၀ ရက် ည ၇ နာရီခွဲခန့်က အိမ်နောက်ဖေး မီးဖိုချောင်၌ ထင်းမီးဖိုဖြင့် ထမင်းအိုးတည်ရာမှ မီးစတင်လောင်ကျွမ်းကာ လူနေအိမ်(၂)လုံး မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
မီးလောင်ကျွမ်းရာနေရာသို့ ကသာခရိုင်နှင့် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၈ နာရီ မီးငြိမ်းခဲ့ကြောင်း၊ မီးလောင်ကျွမ်းမှုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း၊ မီးလောင်မှုနှင့် ပတ်သက်၍ ကသာမြို့မရဲစခန်းမှ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။
ခရိုင်(ပြန်/ဆက်)