ပျဉ်းမနား၊ ဧပြီ ၂၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်တွင် ဧပြီ ၂၀ ရက် ညနေပိုင်းက မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုများကြောင့် လူနေအိမ်(၅၃)လုံး အမိုးလန်ပျက်စီးမှု၊ လျှပ်စစ်မီးတိုင်(၂၂)တိုင်နှင့် သစ်ပင်တချို့လဲပြိုခြင်းများ ဖြစ်ပွားခဲ့သည်။

အဆိုပါ ဖြစ်ပွားသည့်နေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတအဖွဲ့များပူးပေါင်း၍ လဲကျနေသော သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းမှုများ ဆောင်ရွက်ပေးပြီး လျှပ်စစ်မီးတိုင်များကိုလည်း အသစ်လဲလှယ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခန့်ဝင်းကျော် (မြို့နယ်ပြန်/ဆက်)