နေပြည်တော် ဧပြီ ၂၁
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်သည် ယနေ့ နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အာဆီယံဥက္ကဌ၏ အထူး ကိုယ်စားလှယ် ရုံးအဖွဲ့အကြီးအကဲဖြစ်သူ H.E. Dr. KUNG Phoak ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့ကို အဆိုပါဝန်ကြီးရုံး ၊ အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် အာဆီယံက မြန်မာနိုင်ငံသို့ ပေးအပ်မည့် လူသားချင်းစာနာမှုအကူအညီများ လက်ခံရယူရေး (Phase 2) နှင့် စပ်လျဉ်း၍ အာဆီယံဥက္ကဌဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံက မေလတွင် ကျင်းပမည့် ညှိနှိုင်းအစည်းအဝေးဆိုင်ရာကိစ္စ၊ မြန်မာနိုင်ငံအမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ဆောင်ရွက်နေသည့် လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


