နေပြည်တော် ဧပြီ ၂၁
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကဏ္ဍနှင့် ပတ်သက် သည့် အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇) တွင် ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦး က ယခင်ဘဏ္ဍာရေးနှစ်များတွင် လုပ်ငန်းဆောင်ရွက်မှုများ၏ အားသာချက်၊ အားနည်းချက်များကို စိစစ်သုံးသပ်၍ ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် လုပ်ငန်းအစီအစဉ်များ ချမှတ်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတွင် လျှပ်စစ်ဓာတ်အားရရှိရေးသည် များစွာအရေးပါ သဖြင့် မိမိတို့သည် အရေးကြီး သောတာဝန်များကို ထမ်းဆောင်နေရခြင်း ဖြစ်ပါကြောင်း၊ လက်ရှိနိုင်ငံတော်တွင် လျှပ်စစ်ဓာတ်အား မလုံလောက်မှုနှင့်ကြုံတွေ့နေရပြီး ရရှိနိုင်သမျှသော ရေတိုရေရှည်နည်းလမ်းများဖြင့် လျှပ်စစ်ဓာတ်အားအမြန်ဆုံးရရှိရေး ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။
ပြည်သူလူထုကို အချိန်ပိုင်းအလိုက် ဝန်အားထိန်းညှိ ဆောင်ရွက်ပေးနေရသည့် အခက်အခဲများ လက်တွေ့ခံစားနေရသဖြင့် မိမိတို့ဆောင်ရွက်ချက်များအပေါ် ပြည်သူလူထုမှ နားလည်သဘောပေါက်၍ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရေး စည်းရုံးပြောဆိုကြရန် လိုအပ်ပါ ကြောင်း၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ရေးလုပ်ငန်းတွင်သုံးစွဲသူပြည်သူများထံသို့ အလေအလွင့် နည်းပါး စွာဖြင့် လျှပ်စစ်မီး ရရှိရေး စီမံဆောင်ရွက်သွားရန်နှင့် နိုင်ငံတော်အတွက် ဓာတ်အားခ အခွန်အ ခများကိုလည်း အပြည့်အဝရရှိရေး ကောက်ခံသွားရမည် ဖြစ်ပါကြောင်း၊ မိမိတို့၏ လုပ်ငန်းများအပေါ် စေတနာ အပြည့်အဝဖြင့် ဆောင်ရွက်သွားရန်နှင့် နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံ ငွေကိုလည်း စနစ်တကျစိစစ်၍ စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ထို့အပြင် ဓာတ်အားရောင်းချမှုမှ ရရှိသည့် ဓာတ်အားခ ဝင်ငွေများ အပါအဝင် နိုင်ငံတော်မှ ခွင့်ပြုရရှိသည့် ဘဏ္ဍာငွေအပေါ် စီမံကိန်းလုပ်ငန်းများအား သတ်မှတ်ချိန် ကာလအတွင်းပြီးစီးအောင် ဆောင်ရွက်သွားရန်လိုအပ် ပါကြောင်း၊ ဓာတ်အားခွဲရုံ များ ရေရှည် တည်တံ့ခိုင်မြဲရေးနှင့် ဓာတ်အား စဉ်ဆက်မပြတ် ဖြန့်ဖြူး ပေးနိုင်ရေးတို့အတွက် ဓာတ်အား လိုင်းနှင့် ဓာတ်အားခွဲရုံသုံးပစ္စည်းများကို စစ်ဆေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း ၊ ဓာတ်အားခွဲရုံဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် လုံခြုံရေး အထူးဂရုပြုရေး စီမံဆောင် ရွက်သွားရန် လိုအပ်ကြောင်း၊ လျှပ်စစ်ဓာတ်အားများကို တရားမဝင်ရယူ သုံးစွဲမှုများကြောင့် လေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးနှင့် လျှပ်စစ်ဓာတ်အားခများကို သတ်မှတ်ချိန်အတွင်း ကောက်ခံရရှိရေး မြို့နယ်၊ ခရိုင်၊ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာနှင့် ဘဏ္ဍာရေး တာဝန်ခံများက အောက်ခြေထိ ကွင်းဆင်းပြီး ကြီးကြပ်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ လျှပ်စစ်အန္တရာယ် မဖြစ်ပေါ်စေရေး ပညာပေး၊ သတိပေးခြင်းနှင့် ဓာတ်အားလိုင်းများ တစ်လျှောက် ဓာတ်အားလိုင်း နှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းသွားကြရန် လိုအပ်ကြောင်း မှာကြားသည်။
ဆက်လက်၍ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာများမှ လုပ်ငန်းဆောင်ရွက်မှုနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို အသီးသီး ရှင်းလင်း တင်ပြခဲ့ကြပြီး ပြည်ထောင် စုဝန်ကြီးက လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


