ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပညာရေးဝန်ကြီးဌာန
ကြေညာချက်
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ၊ ဆရာအတတ်ပညာဦးစီးဌာနရှိ ပညာရေးဒီဂရီကောလိပ်များ၌ အောက်ဖော်ပြပါ ဘွဲ့ကြို၊ ဘွဲ့လွန် သင်တန်းများကို (၁၂-၅-၂၀၂၂) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ကြေညာလိုက်သည် -
(က) အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့်ကောလိပ်များ
(၁) ၂၀၁၉-၂၀၂၀ ပညာသင်နှစ် - ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်နှင့် ဂုဏ်ထူးတန်း ပထမနှစ်သင်တန်းများ
(၂) ၂၀၂၁-၂၀၂၂ ပညာသင်နှစ် - ပဉ္စမနှစ် ဥပဒေပညာ၊ ပဉ္စမနှစ် ပညာရေးနှင့် ဂုဏ်ထူးတန်း
တတိယနှစ်သင်တန်းများ(ဖွင့်လှစ်ဆဲ)
(၃) ၂၀၂၁-၂၀၂၂ပညာသင်နှစ်-မဟာအရည်အချင်းစစ်သင်တန်းနှင့် မဟာဘွဲ့သင်တန်းများ (ဖွင့်လှစ်ဆဲ)
(၄) ၂၀၂၂-၂၀၂၃ ပညာသင်နှစ် - ပထမနှစ်သင်တန်းများ
(၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများ)
(ခ) ဆရာအတတ်ပညာဦးစီးဌာနရှိ ပညာရေးဒီဂရီကောလိပ်များ
(၁) ၂၀၁၉-၂၀၂၀ ပညာသင်နှစ် - ပထမနှစ် သင်တန်းများ
(၂) ၂၀၂၂-၂၀၂၃ ပညာသင်နှစ် - ပထမနှစ်သင်တန်းများ
(၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများ)
(ဂ) ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ်သင်တန်းများအတွက် ကျောင်းအပ်လက်ခံခြင်းကို
(၁၈-၄-၂၀၂၂) ရက်နေ့မှစတင်လက်ခံမည်ဖြစ်ပါသည်။
ပညာရေးဝန်ကြီးဌာန


