ဧပြီ ၂၂
ရီးယဲလ်မက်ဒရစ်အသင်းဟာ စပိန်လာလီဂါ ပွဲစဉ် ၃၃ အဖြစ် ယမန်နေ့ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ တဲ့ အိုဆာဆူနာအသင်းနဲ့ပွဲစဉ်မှာ သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် စပိန်လာလီဂါဆုဖလားကို (၃၅)ကြိမ်မြောက်ဆွတ်ခူးနိုင်ဖို့ နီးစပ်နေပြီလည်း ဖြစ်ပါတယ်။
အိုဆာဆူနာအသင်းနဲ့ပွဲစဉ်မှာ ရီးယဲလ်မက်ဒရစ် အသင်းအတွက် သွင်းဂိုးတွေကို ပွဲကစားချိန် ၁၂ မိနစ် မှာ အလာဘာက တစ်ဂိုး၊ ၄၅ မိနစ်မှာ အဆန်စီယိုက တစ်ဂိုးနဲ့ မိနစ် ၉၀ မှာ ဗက်ဇ်ကွက်ဇ်က တစ်ဂိုး အသီးသီး သွင်းယူပေးခဲ့တာဖြစ်ပြီး အိုဆာဆူနာ အသင်းအတွက် ချေပဂိုး တစ်ဂိုးကိုတော့ ပွဲကစားချိန် ၁၄ မိနစ်မှာ ဘူဒီမာက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
အဲဒီပွဲစဉ်မှာ ရီးယဲလ်မက်ဒရစ်အသင်းဟာ ပွဲကစားချိန် ၅၂ မိနစ်နဲ့ ၅၉ မိနစ်တို့မှာ ပင်နယ်တီ ကန်သွင်းခွင့် နှစ်ကြိမ်ရရှိခဲ့ပေမယ့် အဲဒီပင်နယ်တီ နှစ်ကြိမ်စလုံး တိုက်စစ်မှူး ဘင်ဇီမာက ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာကြောင့် ငါးဂိုးအထိရရှိနိုင်မယ့် အခွင့်အရေးနဲ့ လွဲခဲ့ရတာဖြစ်ပါတယ်။
ရီးယဲလ်မက်ဒရစ်အသင်းဟာ အိုဆာဆူနာ အသင်းကို အနိုင်ရရှိခဲ့တာကြောင့် ပွဲစဉ် ၃၃ ပွဲ ကစားပြီးချိန်မှာ ရမှတ်စုစုပေါင်း ၇၈ မှတ်ရရှိထားကာ အမှတ်ပေးဇယားဒုတိယနေရာက မြို့ခံပြိုင်ဘက် အက်သလက်တီကိုမက်ဒရစ်အသင်းကို ၁၇ မှတ် အထိဖြတ်ကာ အမှတ်ပေးဇယားထိပ်မှာ ဦးဆောင် နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိအနေအထား အရ ရီးယဲလ်မက်ဒရစ်အသင်းဟာ စပိန်လာလီဂါ ချန်ပီယံဆုဖလားကို (၃၅)ကြိမ်မြောက်ဆွတ်ခူးနိုင်ဖို့ ပိုမိုနီးစပ်လာခဲ့တာလည်းဖြစ်ပါတယ်။
ငွေကြယ်