ကုလသမဂ္ဂ ဧပြီ ၂၁
အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ ဒတ်အီဘာချီ ဒေသရှိ စာသင်ကျောင်းနှင့် ပညာရေးစင်တာအား အကြမ်းဖက်သမားများက တိုက်ခိုက်ခဲ့ခြင်းအပေါ် ပြင်းထန်စွာရှုတ်ချလိုက်ကြောင်း ကုလသမဂ္ဂလုံခြုံရေး ကောင်စီက ယမန်နေ့တွင် ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်အတွင်း ကျောင်းသားအများအပြားထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သိရ သည်။
အာဖဂန်နိုင်ငံသားများသည် ပညာသင်ကြားရန် အခွင့်အရေး အပြည့်အဝရှိကြောင်းနှင့် နိုင်ငံ တည်ငြိမ်ရေးနှင့် လုံခြုံရေးအတွက် အာဖဂန်နိုင်ငံသား များပူးပေါင်းဆောင်ရွက်ကြရန် ကုလသမဂ္ဂလုံခြုံရေး ကောင်စီက တိုက်တွန်းခဲ့သည်။ ယခုကဲ့သို့ စာသင် ကျောင်းများအား အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွား ခဲ့ခြင်းအတွက် အာဖဂန်နိုင်ငံရှိ ကျောင်းသားများ၏ လုံခြုံရေးနှင့် ပညာသင်ယူမှုဆိုင်ရာ အခွင့်အရေးများ ထိခိုက်လာမည့်အရေးကို များစွာစိုးရိမ်ပူပန်ကြောင်း လုံခြုံရေးကောင်စီက ပြောကြားသည်။ ယခုကဲ့သို့ သော အကြမ်းဖက်တိုက်ခိုက်မှုများကို စီစဉ် ဆောင်ရွက်သူများ ရှာဖွေဖော်ထုတ်ရေးတွင် နိုင်ငံ အများအပြား ပူးပေါင်းဆောင်ရွက်ကြရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တိုက်တွန်းခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ