ကော့ကရိတ် ဧပြီ ၂၂
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၊ အမှတ် (၆)ရပ်ကွက်တွင် နေအိမ် မီးလောင်ကျွမ်းခဲ့၍ မီးဘေးသင့် အိမ်ထောင်စုတစ်စုအား ယနေ့နံနက် (၁၁)နာရီခွဲက ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးသင့် အိမ်ထောင်စုအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ကယ်ဆယ် ရေးပစ္စည်း(၁၇)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ်(၂)သိန်းနှင့် မီးဘေးသင့်မိသားစု စုစုပေါင်း (၅)ဦး အတွက် တစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေကျပ်(၁၀၅၀၀)ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်ကျော်ဦးနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယဦးစီးမှူးတို့က သွားရောက်ထောက်ပံ့ပေးခဲ့ကြသည်။
မီးလောင်ခဲ့သည့်နေအိမ်မှာ သွပ်မိုး၊ ပျဥ်ခင်း၊ ပျဥ်ကားနေအိမ် ဖြစ်၍ ဧပြီလ (၁၉)ရက်နေ့ နံနက် (၂)နာရီခန့်တွင် မီးလောင်ကျွမ်းခဲ့ပြီး မီးဘေးသင့်မိသားစုသည် ၄င်းတို့၏ နေအိမ် ခြံဝင်းအတွင်း၌ ယာယီတဲထိုး၍ နေထိုင်လျက်ရှိကြောင်း သိရသည်။
စောအောင်မျိုးလွင် ( ပြန်/ဆက် )


