ပွင့်ဖြူ ဧပြီ ၂၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင် မိသားစု ဝင်ငွေ တိုးရေး လုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်ခြင်းဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆင်းရဲနွမ်းပါးမှု လျော့ချနိုင်ရန်အတွက် ရည်ရွယ်ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စိုက်ပျိုးရေး ၊ မွေးမြူ ရေးဆိုင်ရာသင်တန်းကို ဧပြီ ၂၂ ရက် ၊ ယနေ့ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့နယ် ဆည်မုန်းကျေးရွာ ရွာလယ်ဓမ္မာရုံ တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်လှစ်ရာတွင် ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စိုက်ပျိုးရေး ၊ မွေးမြူရေးဆိုင်ရာသင်တန်း ဖွင့်လှစ်သင်ကြား ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းတွင် လိုက်နာရမည့်အချက်များကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ သင်တန်းကို ဖွင့်လှစ်ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အေးအေးမိုးက တောင်သူများ သီးနှံများစိုက်ပျိုးရာတွင် ဒေသနှင့် ကိုက်ညီသော သီးနှံများရွေးချယ်စိုက်ပျိုးရမည့်နည်းလမ်းများ နှင့် အခြေခံစိုက်ပျိုးရေးဆိုင်ရာနည်းစနစ်များ ၊ သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ ၊ အစားအစာ ဘေးအန္တရာယ်ကင်းဝေးစေရေး ဓာတုဆေးဝါးသုံးစွဲခြင်းအစား သဘာဝဓာတ်မြေဩဇာနှင့် သဘာဝ ပိုးသတ်ဆေး ပြုလုပ် သုံးစွဲနည်းစနစ်များကိုလည်ကောင်း ၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါက်တာ ကြည်ပြာဝင်းရွှေက ဒေသနှင့်ကိုက်ညီသော အခြေခံမွေးမြူရေးစနစ်များနှင့် တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သော ကူးစက်ရောဂါကြိုတင်‌ကာကွယ်ရေးဆိုင်ရာနည်းလမ်းများကိုလည်းကောင်း အသီးသီး ရှင်း လင်းဆွေးနွေး ပို့ချသင်ကြားပေးခဲ့ကြသည်။

အဆိုပါ သင်တန်းကို ပွင့်ဖြူမြို့နယ် ဆည်မုန်းကျေးရွာအုပ်စုမှ ဒေသခံတောင်သူ ၂၅ ဦး တက်ရောက် သင်ကြားခဲ့ကြောင်း သိရပြီး ဧပြီ ၂၂ ရက်နေ့မှ မေလ ၆ ရက်နေ့အထိ (၁၅)ရက်ကြာ ဖွင့်လှစ်ပို့ချသင်ကြားပေး သွားမည်ဖြစ်ကြောင်း သိရသည်။    

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)

ပွင့်ဖြူမြို့နယ်၌ ဆည်မုန်းကျေးရွာတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စိုက်ပျိုးရေး ၊ မွေးမြူရေးဆိုင်ရာသင်တန်း ဖွင့်လှစ်ပို့