တနင်္သာရီ  ဧပြီ ၂၃

 

ကြက်ခြေနီရှေးဦးသူနာပြုစုခြင်း (အခြေခံ)သင်တန်း (၂/၂၀၂၂)ဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟို ဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါသင်တန်းတွင် သင်တန်းသား(၇)ဦး၊ သင်တန်းသူ(၁၇)ဦး စုစုပေါင်း (၂၄)ဦး တက်ရောက်ကြပြီး ဧပြီ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ (၃)ရက်ကြာကာလအတွင်း ကြက်ခြေနီအသင်း(ခွဲ)မှ နည်းပြများက ရှေးဦးသူနာပြုစုခြင်း သင်ခန်းစာများကို စာတွေ့၊ လက်တွေ့သင်ကြား ပေးမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါသင်တန်းကို တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ကြက်ခြေနီအသင်း(ခွဲ)တို့ ပူးပေါင်း၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)