ဧပြီ ၂၅

 

အာဂျင်တီးနားနိုင်ငံတွင် လွန်ခဲ့သော ခုနစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၁၃၀၇ ဦးထပ်မံတွေ့ရှိခဲ့ပြီး  ထိုရောဂါကူးစက်ခံရမှုကြောင့် ၁၉၈ ဦး ထပ်မံသေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၉၀၇၂၂၃၀ ဦးအထိ မြင့်တက်လာပြီး ထိုကူးစက်မှု ကြောင့် သေဆုံးသူ ၁၂၈၅၄၂ ဦးရှိလာသည်ဟု သိရသည်။

 

ကျန်းမာရေးဝန်ကြီး ကာလာဗစ်တော့တီက နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရေးလှုပ်ရှားမှုနှင့် လူထု၏ကြိုးစားမှုတို့ကြောင့် ကိုဗစ်ကူးစက်မှု အခြေအနေပိုမိုကောင်းမွန်လာသဖြင့် ပြည်သူများအား ကျေးဇူးတင်စကားပြောကြားခဲ့သည်။

 

ဆောင်းဦးရာသီရောက်ရှိလာတော့မည်ဖြစ်ပြီး ကိုဗစ်ရောဂါကူးစက်သူအရေအတွက် မြင့်တက်လာဖွယ်ရှိသည်။ မိမိတို့အနေဖြင့် လူတစ်ဦးချင်းစီတိုင်း ကိုဗစ်ကာကွယ်ဆေးထိုးနှံရန်လိုအပ်ပြီး ယင်းကာကွယ်ဆေးထိုးနှံခြင်းဖြင့် ကိုဗစ်ရောဂါကူးစက်မှုမှကာကွယ်ပြီးဖြစ်သည်ဟု ၎င်းကဆိုသည်။

 

နိုင်ငံအတွင်း ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးသူဦးရေ ၉၈၁၇၆၉၀၀ ရှိပြီး ကိုဗစ်ကာကွယ်ဆေး အပိုဆောင်း ထိုးနှံမှုခံယူပြီးသူ ၁၇၂၆၁၃၃၉ ဦး ရှိကြောင်း ထိုဝန်ကြီးဌာနက ဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို