မိုးမိတ် ဧပြီ ၂၆

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာရရှိစေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် မိုးမိတ်မြို့နယ်အတွင်းရှိ မန်ပြိန်းကျေးရွာနှင့် မန်ပေါင်ကျေးရွာနှစ်တို့၌ စိမ်းစမ်းရေသွယ်တန်းခြင်းနှင့် ဆက်စပ်လုပ်ငန်းများကို ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ၈၇ ဒသမ ၁ ကျပ်သန်း အသုံးပြု၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

 

မိုးမိတ်မြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် မန်ပြိန်းကျေးရွာ၌ စိမ့်စမ်းရေသွယ်တန်းခြင်း ၂ ဒသမ ၄ မိုင် သွယ်တန်းခြင်းနှင့် ဆက်စပ်လုပ်ငန်းများ၊ မန်ပေါင်ကျေးရွာ၌ စိမ့်စမ်းရေသွယ်တန်းခြင်း ၂ မိုင်နှင့် ဆက်စပ်လုပ်ငန်းများတို့ကို ပြည်ထောင်စုနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေ ၈၇ ဒသမ ၁ ကျပ်သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုအခါ လုပ်ငန်းများ စတင်ကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရေး တင်ဒါလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိကြောင်း မိုးမိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဘရန်ဆိုင်းက ပြောသည်။

 

အဆိုပါကျေးရွာနှစ်ရွာ၌ စိမ့်စမ်းရေသွယ်တန်းခြင်းနှင့် ဆက်စပ်လုပ်ငန်းတို့ကို ဆောင်ရွက်ပြီးစီးပါက ကျေးရွာများရှိ အိမ်ခြေ ၈၅ အိမ်၊ လူဦးရေ ၃၁၉ ဦးနှင့် ကျွဲ၊ နွား စတဲ့ တိရစ္ဆာန်များအား သောက်သုံးရေဖူလုံစွာ ရရှိရေးအတွက် အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

 

စိုးမိုးကျော်