ရန်ကုန် ဧပြီ ၂၆
ဆီးဂိမ်းပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ် ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့၌ လေ့ကျင့်နေသည့် မြန်မာ ယူ-၂၂ အသင်းသည် ဒုတိယမြောက် ခြေစမ်းပွဲအဖြစ် ဧပြီ ၂၃ ရက်က ယူအေအီး ပရိုလိဂ်ကလပ် Sharjah အသင်းနှင့် ယှဉ်ပြိုင်ကစားရာ နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။
မြန်မာအသင်းအတွက် ဂိုးများကို တိုက်စစ်မှူးများဖြစ်သည့် ဝင်းနိုင်ထွန်းနှင့် သန်းပိုင်တို့က သွင်းယူခဲ့သည်။ မြန်မာ ယူ-၂၂ အသင်းသည် ဧပြီ ၂၀ ရက်တွင် ပထမခြေစမ်းပွဲကစားပြီးနောက် သုံးရက်အကြာတွင် ဒုတိယခြေစမ်းပွဲ ကစားခြင်းဖြစ်သည်။ မြန်မာအသင်းသည် ယူအေအီးခရီးစဉ်တွင် နှစ်ပွဲကစား တစ်ပွဲနိုင်၊ တစ်ပွဲသရေကျထားသည်။ မြန်မာအသင်းသည် တတိယမြောက် ခြေစမ်းပွဲအဖြစ် ဧပြီ ၂၇ ရက်တွင် ယူအေအီးကလပ် Fursan Hispania အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာအသင်းသည် နောက်ဆုံးခြေစမ်းပွဲကို ဧပြီ ၂၉ ရက်တွင် ထပ်မံကစားမည်ဖြစ်သည်။
ရဲရင့်လွင်