ကွာလာလမ်ပူ ဧပြီ ၂၆
မလေးရှားနိုင်ငံ၌ လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၄၇၈ ဦး ထပ်မံတွေ့ရှိ ခြင်းကြောင့် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၄၄၃၃၅၅၁ ဦးရှိလာကြောင်း မလေးရှားကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။
အဆိုပါတစ်ရက်အတွင်း ကူးစက်ခံရ သူများအနက် ၂၄၇၁ ဦးသည် ပြည်တွင်း၌ ကူးစက်ခံရသူများဖြစ်ကြောင်းနှင့် ခုနစ်ဦး သည် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူ များအနက်မှ ကူးစက်ခံရခြင်းဖြစ်ကြောင်း မလေးရှား ကျန်းမာရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် အချက်အလက်များအရ သိရသည်။
ထို့ပြင် မလေးရှားနိုင်ငံ၌ လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ရှစ်ဦးထပ်မံတွေ့ရှိခြင်းကြောင့် အဆိုပါရောဂါဖြင့် သေဆုံးသူပေါင်း ၃၅၅၀၇ ဦးရှိလာကြောင်း သိရသည်။
မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူ ၉၂၁၅ ဦး ရှိခြင်း ကြောင့် ရောဂါမှ ပြန်လည်ကျန်းမာလာ သူပေါင်း ၄၃၃၀၀၃၇ ဦး ရှိလာကြောင်းနှင့် လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိဆဲ လူနာစုစုပေါင်း ၆၈၀၀၇ ဦးရှိကြောင်း သိရသည်။
မလေးရှားနိုင်ငံ၌ နိုင်ငံ့လူဦးရေ၏ ၈၄ ဒသမ ၉ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း၊ ၈၁ ဒသမ ၄ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံမှု ခံယူပြီးဖြစ်ကြောင်းနှင့် ၄၉ ရာခိုင်နှုန်း သည် တတိယအကြိမ် အပိုဆောင်း ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း သိရသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- အလင်းသစ်