ပြည်       ဧပြီ       ၂၇

မျိုးကောင်းသရက်သီးများဖြစ်သော စိန်တစ်လုံးနှင့် မြကျောက်သရက်သီးများအား ကုန်သည်များက ခြံအရောက် လာရောက် ဝယ်ယူလျက်ရှိကြောင်း ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ သာစည်ကုန်းကျေးရွာ သရက်ခြံ ပိုင်ရှင်များထံမှ သိရသည်။

“စိန်တစ်လုံးသရက်သီး အလုံး ၅၀ ပါ တစ်တာလျှင် ငွေကျပ် ၃၀၀၀၀နှင့် မြကျောက် ၅၀ ပါတစ်တာလျှင် ငွေကျပ် ၂၀၀၀၀ ကို ခြံအရာက်ဆိုတော့ ကျွန်တော်တို့ တောင်သူတွေလည်း အဆင်ပြေပါတယ်” ဟု ပြည်မြို့နယ် သာစည်ကုန်းကျေးရွာ သရက်ခြံပိုင်ရှင် ဦးဝင်းစိုးက ပြောပြသည်။ ပြည်မြို့နယ်တွင် စိုက်ပျိုးသော သရက်သီးများမှာ ရင်ကွဲ၊ မချစ်စု၊ သုံးလုံးတစ်တောင်စိန်တစ်လုံးနှင့် မြကျောက်တို့ဖြစ်ပြီး၊ ဇီးအုပ်၊ ညောင်ကုန်း၊ သာစည်ကုန်း၊ သစ်ချီတင်စသော ကျေးရွာများ၌ အများဆုံးစိုက်ပျိုးကြကြောင်း သိရသည်။ ထိုသရက်သီးများအနက် စိန်တစ်လုံးနှင့် မြကျောက်သရက်သီးမျိုးများသည် အကောင်ဆုံးဖြစ်၍ ဈေးလည်းကောင်းကာ တရုတ်ပြည်အထိ တင်ပို့ရောင်းချရ ကြောင်းလည်း သိရသည်။

ဇေယျာထက်(မင်းဘူး)