မြို့သစ်     ဧပြီ     ၂၇

 

မကွေးတိုင်းဒေသကြီး၊ မြိုသစ်မြို့နယ်ရှိ ဒေသခံပြည်သူများသည် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိပြီး ငရုတ်သီးကို မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ခဲ့ရာ ဈေးကောင်းရရှိသဖြင့် ယခုအခါ စီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

 

ငရုတ်သီးမျိုးစေ့ နို့ဆီတစ်ဘူးလျှင် ငွေကျပ် ၅၀၀ ဖြင့်ရောင်းချရပြီး ၁၂ ဘူးလျှင် ငွေကျပ် ၅၀၀၀ ဖြင့် ရောင်းချရကြောင်း၊ ငရုတ်သီး အခြောက် တစ်ပိဿာလျှင် ငွေကျပ် ၇၀၀၀ ဖြင့် ရောင်းချရကြောင်း မြို့သစ်မြို့နယ်မှ ငရုတ်စိုက်တောင်သူ တစ်ဦးထံမှ သိရသည်။

 

သန်းဝင်းထွန်း(ပြန်/ဆက်)