မြစ်ကြီးနား ဧပြီ ၂၇
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်၊ နယ်မြေ(၁)တွင် ယနေ့ နံနက် ၉ နာရီခွဲက ထမင်းပေါင်းအိုး တည်ထားခဲ့ရာမှ ဝိုင်ယာကြိုး အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦး ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ် (၃)စီး၊ ရေသယ်ယာဉ် (၃)စီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြကြောင်းနှင့် မီးလောင်မှုကြောင့် လူနေအိမ် (၃)လုံး မီးလောင်ဆုံးရှုံးခဲ့ကာ လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)