ဧပြီ ၂၈

 

ချီလီနိုင်ငံတွင် မုန်တိုင်းတိုက်ခတ်မှုဖြစ်ပွားသဖြင့် လူတစ်ဦးထက်မနည်းသေဆုံးပြီး နေအိမ်အလုံးပေါင်း ၁၄၀ ပျက်စီးခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၏အမျိုးသားအရေးပေါ်ဆိုင်ရာရုံးက ယမန်နေ့က အတည်ပြုခဲ့သည်။

 

အဆိုပါ မုန်တိုင်းတိုက်ခတ်မှုကြောင့် လာအဲရုကာနီရာ၏တောင်ပိုင်းဒေသတွင် ဓါတ်အားလိုင်းပေါ်သို့သစ်ပင်လဲကျခဲ့ရာ မော်တော်ယာဉ်ကိုထိသွားခဲ့ပြီး ထိုယာဉ်အတွင်းရှိလူတစ်ဦး သေဆုံးခဲ့ကြောင်း ထိုရုံး၏သတင်းပေးပို့ချက်အရ သိရသည်။

 

ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေနေ့က  ချီလီ၏ တောင်ပိုင်းနှင့်အလယ်ပိုင်းဒေသများတွင် စတင်ရွာသွန်းခဲ့သောမိုးကြောင့် နျူဘီ၊ ဘိုင်အိုဘိုင်အိုနှင့် လာအဲရုကာနီရာဒေသများတွင်လည်း နေအိမ် ၁၄၃ လုံးပျက်စီးသွားခဲ့သည်။

 

ရေကြီးမှုနှင့်သစ်ပင်များလဲပြိုကျမှုတို့ကြောင့် ဒေသခြောက်ခုတွင်လည်း လမ်းပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို