မင်းဘူး ဧပြီ ၂၈
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးရွာ ၁၀ ရွာ ၌ ကျေးလက်ကုန်ထုတ်လမ်း ၁၀ ခု၊ ၎င်းလမ်းပေါ်ရှိ Pipe Culvert ၂၃ စင်း၊ Slab Culvert ၄ စင်း၊ ကွန်ကရစ်တံတား ၁ စင်းတို့ကို ပြည်ထောင်စုရန်ပုံငွေ ၃၃၇ ဒသမ ၄၂၅ သန်း အသုံးပြု၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
မင်းဘူးခရိုင်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မင်းဘူးမြို့နယ်၌ မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း နှစ်ခု၊ ၎င်းလမ်းပေါ်ရှိ Pipe Culvert ၄ စင်း တည်ဆောက်ခြင်း၊ ပွင့်ဖြူမြို့နယ်၌ မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း ၂ ခု၊ ၎င်းလမ်းပေါ်ရှိ Pipe Culvert ၆ စင်း၊ slab culvert ၁ စင်း တည်ဆောက်ခြင်း၊ စလင်းမြို့နယ်၌ မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း ၂ ခု၊ ၎င်းလမ်းပေါ်ရှိ Pipe Culvert ၄ စင်းတည်ဆောက်ခြင်း၊ ကွန်ကရစ်တံတား ၁ စင်း တည်ဆောက်ခြင်း၊ ငဖဲမြို့နယ်၌ မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း ၃ ခု၊ ၎င်းလမ်းပေါ်ရှိ Pipe Culvert ၉ စင်း တည်ဆောက်ခြင်း၊ Slab Culvert ၂ စင်း တည်ဆောက်ခြင်း၊ စေတုတုတ္တရာမြို့နယ်၌ မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်း ၁ ခု၊ ၎င်းလမ်းပေါ်ရှိ Slab Culvert ၁ စင်း တည်ဆောက်ခြင်း လုပ်ငန်းတို့ကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ၃၃၇ ဒသမ ၄၂၅ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုအခါ လုပ်ငန်းများ စတင်အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရေး တင်ဒါလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိကြောင်း မင်းဘူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးဝင်းမြတ်သိန်းထံမှ သိရသည်။
ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ကျေးရွာ ၁၀ ရွာ၏ အိမ်ခြေ ၄၄၅၅ အိမ်၊ လူဦးရေ ၂၀၅၂၉ ဦး၊ လယ်ယာစိုက်ပျိုးဧက ၇၈၈၇ တွင် စိုက်ပျိုးထားသည့် စပါး၊ ပဲမျိုးစုံနှင့် အခြားသီးနှံများကို ဈေးကွက်သို့ ကုန်ကျစရိတ် သက်သာစွာဖြင့် သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း မင်းဘူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ဇင်မာ