ဧပြီ ၂၈

 

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၃၀၃ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ဖြစ်ပွားသူပေါင်း ၄၃၀၆၈၇၉၉ ဦး အထိမြင့်တက်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ပြီးခဲ့သည့်လများစွာအတွင်း ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားမှု လျော့ကျလာခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူဦးရေ ၃၀၀၀ ကျော်ရှိလာသည့် ပထမဦးဆုံးနေ့ ဖြစ်သည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ကူးစက်ခံရသူအရေအတွက် အများဆုံးဖြစ်သည့် ဒေလီမြို့တွင် ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားဆဲလူနာ ၄၈၃၂ ဦး ရှိသည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် ၃၉ ဦး သေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၅၂၃၆၉၃  ဦးအထိ ရှိလာသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားဆဲလူနာဦးရေ ၁၆၉၈၀ ရှိသည်။ ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးကောင်းမွန်လာသဖြင့် ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း ၄၂၅၂၈၁၂၆ ဦး ရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို