ဧပြီ ၂၈

 

ယူဂန်ဒါနိုင်ငံတွင် ကလေးများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုကို လာမည့်လတွင် စတင်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ရုသ်ရှ်အေဆန်က ပြောကြားသည်။

 

မေလ ၉ ရက်နေ့ ကျောင်းဖွင့်ချိန်တွင် အလယ်တန်းကျောင်းသားများအား ကိုဗစ်ကာကွယ်ဆေးစတင်ထိုးနှံပေးမည်ဟု ၎င်းကဆိုသည်။

 

ထိုအရွယ်အုပ်စုအား ဖိုက်ဇာကိုဗစ်ကာကွယ်ဆေးထိုးနှံပေးရန် အတည်ပြုထားသည်။ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးစတင်ဖြစ်ပွားချိန်ကတည်းက ကိုဗစ်ရောဂါကူးစက်ခံရသည့်ကလေးဦးရေ ၁၄၀၀၀ ကျော်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

 

ကျောင်းသားများအား ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်းဖြင့် စာသင်ကျောင်းများအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကို လျှော့ချပေးခြင်း၊ မိဘ၊ အုပ်ထိန်းသူများအားကူးစက်ပျံ့နှံ့မှုကို လျှော့ချပေးခြင်းနှင့် ကျောင်းတက်ပျက်ကွက်မှုနှင့် ကျောင်းပိတ်မှု ကာကွယ်ပေးနိုင်ခြင်းတို့ကို အထောက်အကူဖြစ်စေမည် ဖြစ်သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို