ဧပြီ ၂၉
အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ခရစ်တာလီနာဂျီအာဂီဗာ ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသည်ဟု ထိုအဖွဲ့က ယမန်နေ့က ပြောကြားသည်။
၎င်းတွင် ရောဂါလက္ခဏာပြင်းထန်မှုမရှိကြောင်း၊ နေအိမ်မှာပင်သီးခြားနေထိုင်ကာ အလုပ်များကို အဝေးမှလုပ်ဆောင် သွားမည်ဖြစ်ကြောင်း ထိုအဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ ဂါရီရိုက်က ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့နှင့် ကမ္ဘာ့ဘဏ်အုပ်စုတို့၏ ၂၀၂၂ ခုနှစ် နွေဦးအစည်းအဝေးပွဲကို ကမ္ဘာ့ဘဏ်လုပ်ငန်းရှင်များ၊ ဘဏ္ဍာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီးများ၊ ပုဂ္ဂလိကဏ္ဍအမှုဆောင်အရာရှိများနှင့် ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်များဆွေးနွေးရန် ဧပြီ ၁၈ မှ ၂၄ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး ရက်အနည်းငယ်အကြာတွင် ယင်းကဲ့သို့ ကိုဗစ်ကူးစက်ခံရသော သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို