ဧပြီ ၂၉
ဘရာဇီးနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၉၉၁၆ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၃၀၄၁၈၉၂၀ ဦးအထိ မြင့်တက်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
ထိုရောဂါကူးစက်ခံရမှုကြောင့် ၁၁၄ ဦး ထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူပေါင်း ၆၆၃၂၂၅ ဦး ရှိလာသည်။ အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်မှုများကြောင့် ရောဂါကူးစက်ဖြစ်ပွားသူဦးရေ စံချိန်တင် များပြားခဲ့ပြီး ဇန်နဝါရီလမှစတင်ကာ ကိုဗစ်ရောဂါကူးစက်မှု၊ ဆေးရုံတက်ကုသမှုနှင့် သေဆုံးမှုတို့လျော့ကျလာသဖြင့် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလကစတင်ခဲ့သော ကိုဗစ်-၁၉ ဆိုင်ရာကျန်းမာရေးအရေးပေါ်အခြေအနေအဆုံးသတ်ရေးအမိန့်ကို ကျန်းမာရေးဝန်ကြီး မာစီလိုကီရိုဂါက ဧပြီ ၂၂ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။
နိုင်ငံ့လူဦးရေ၏ ၇၆ ဒသမ ၂ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအပြည့်အဝထိုးနှံခဲ့ပြီးဖြစ်ကြောင်းနှင့် ၈၅ ဒသမ ၇ ရာခိုင်နှုန်းသည် ကိုဗစ်ကာကွယ်ဆေးအပိုဆောင်းထိုးနှံမှုခံယူပြီးဖြစ်ကြောင်း တရားဝင်ထုတ်ပြန်သော အချက်အလက်အရ သိရသည်။
ဘရာဇီးနိုင်ငံသည် ကမ္ဘာ့ကူးစက်မှုအများဆုံးနိုင်ငံများအနက် အမေရိကန်နှင့် အိန္ဒိယနိုင်ငံတို့ပြီးလျှင် ကူးစက်မှု တတိယအများဆုံးနိုင်ငံဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို