ဧပြီ ၂၉
ဗီယက်နမ်နိုင်ငံတွင် ဇန်နဝါရီလမှ ဧပြီလအတွင်း ယာဉ်မတော်တဆဖြစ်မှုပေါင်း ၃၈၀၈ ခုရှိခဲ့ရာ ၂၂၇၆ ဦး သေဆုံးခဲ့ပြီး ၂၄၃၁ ဦး ဒဏ်ရာရရှိခဲ့သည်။
နိုင်ငံအတွင်း ယာဉ်မတော်တဆဖြစ်မှုနှုန်းသည် တစ်နှစ်ထက်တစ်နှစ် ၁၅ ဒသမ ၄ ရာခိုင်နှုန်းလျော့ကျလာသည်ဟု ယာဉ်ထိန်းရဲဌာနက ယနေ့တွင် ပြောကြားသည်။
ပျမ်းမျှအားဖြင့် ယခုနှစ်ပထမလေးလအတွင်း တစ်ရက်လျှင် ယာဉ်မတော်တဆဖြစ်မှု ၃၁ ခုရှိပြီး ၁၉ ဦးသေဆုံး၊ ၂၀ ဦး ဒဏ်ရာရရှိခဲ့သည်။
၂၀၂၁ ခုနှစ်က ဗီယက်နမ်နိုင်ငံတွင် ယာဉ်မတော်တဆဖြစ်မှု ၁၁၄၅၄ ခုရှိခဲ့သည်။ အဆိုပါယာဉ်မတော်တဆဖြစ်မှုကြောင့် လူပေါင်း ၅၇၀၀ ကျော်သေဆုံးခဲ့ပြီး လူ ၈၀၀၀ နီးပါး ဒဏ်ရာရရှိခဲ့သည်ဟု နိုင်ငံ၏အထွေထွေ စာရင်းအင်းရုံး၏ ပြောကြားချက်အရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို