ရန်ကုန်   မေ   ၂

(၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ အကြိုပြင်ဆင်မှုအဖြစ် ယူအေအီးနိုင်ငံ၌ လေ့ကျင့်ခဲ့သည့် မြန်မာ အမျိုးသားဘောလုံးအသင်းသည် ခြေစမ်းပွဲလေးပွဲကစားရာ တစ်ပွဲနိုင်၊ နှစ်ပွဲသရေ၊ တစ်ပွဲရှုံးနိမ့်ခဲ့သည်။

မြန်မာအသင်းသည် ယင်းခရီးစဉ်တွင် ယူအေအီးကလပ်အသင်းများနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစား ခဲ့ခြင်းဖြစ်သည်။ မြန်မာ အသင်းသည် ခြေစမ်းပွဲများတွင် ယူအေအီးကလပ် FC Shaja အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် နိုင်၊ ယူအေအီးကလပ် ဒူဘိုင်းစီးတီးအသင်းနှင့် တစ်ဂိုးစီသရေ၊ ယူအေအီးကလပ် Fursan Hispania အသင်းနှင့် တစ်ဂိုးစီသရေကျကာ ယူအေအီးကလပ် FC Ajman အသင်းကို တစ်ဂိုး-ဂိုး မရှိဖြင့် အရေးနိမ့်ခဲ့သည်။

မြန်မာအမျိုးသားဘောလုံးအသင်းသည် (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ကျင်းပမည့် ဗီယက်နမ်နိုင်ငံသို့ မေ ၁ ရက်က ရောက်ရှိခဲ့ကြောင်း သိရသည်။ မြန်မာအသင်းသည် ပြိုင်ပွဲအကြိုခြေစမ်းပွဲများ ကစားခဲ့သည့် ယူအေအီးနိုင်ငံသို့ ဗီယက်နမ်နိုင်ငံသို့ တိုက်ရိုက်သွားရောက်ခြင်းဖြစ်သည်။ မြန်မာအသင်း သည် ဧပြီ ၁၇ ရက်မှ ၃၀ ရက်အထိ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့၌ လေ့ကျင့်မှုများ ပြုလုပ်ပြီးနောက် မေ ၁ ရက် နံနက်အစောပိုင်းတွင် ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ကစားသမား ၂၉ ဦး ရွေးချယ်ထားပြီး ပြည်ပကလပ်များတွင် ကစားနေသည့် အသက်ကျော်ကစား သမားများမှာ ဗီယက်နမ်နိုင်ငံသို့ လာရောက်ပူးပေါင်းမည်ဖြစ်သည်။ မြန်မာအသင်းသည် အပြီးသတ် လူစာရင်းကို မေ ၅ ရက်တွင် ထုတ်ပြန်ကြေညာမည်ဖြစ်သည်။

ရဲရင့်လွင်