မေ ၂

 

အာဖရိကတိုက်တွင် ယမန်နေ့ကအထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေ ၁၁၄၄၆၁၀၇ ဦး အထိ ရှိလာသည်ဟု ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးစင်တာ( အာဖရိကစီဒီစီ )က ပြောကြားသည်။

 

အဆိုပါတိုက်တွင် ကိုဗစ်ရောဂါကူးစက်ခံရမှုကြောင့် ၂၅၂၁၅၇ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

 

ယခုချိန်အထိ  ကိုဗစ်ကူးစက်ခံရပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၁၀၈၀၃၉၉၁ ဦး ရှိလာသည်။

 

အာဖရိကတိုက်ရှိ နိုင်ငံများအနက် တောင်အာဖရိက၊ မော်ရိုကို၊ တူနီးရှား၊ အီဂျစ်နှင့် လစ်ဗျားနိုင်ငံတို့သည် ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားမှုအများဆုံးနိုင်ငံများ ဖြစ်သည်ဟု အာဖရိကစီဒီစီက ဆိုသည်။

 

တောင်အာဖရိကနိုင်ငံသည် ကိုဗစ်ကူးစက်မှုအမြင့်မားဆုံးနိုင်ငံဖြစ်ပြီး ရောဂါကူးစက်ခံရသူ ၃၇၉၁၉၂၅ ဦးရှိသည်။

 

အာဖရိကတိုက်တောင်ပိုင်းသည် ကိုဗစ်ကူးစက်မှုအများဆုံးအပိုင်းဖြစ်ပြီး ၎င်းနောက်တွင် အာဖရိကတိုက် အလယ်ပိုင်းနှင့် မြောက်ပိုင်းတို့ဖြစ်ပြီး အာဖရိကအလယ်ပိုင်းသည် ကိုဗစ်ကူးစက်မှုအနည်းဆုံးအပိုင်းဖြစ်သည်ဟု အာဖရိကစီဒီစီ၏ ပြောကြားချက်အရ သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို