မေ ၂
အာဂျင်တီးနားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအပိုဆောင်းထိုးနှံမှုခံယူပြီးသူ ၁၈ သန်းနီးပါးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က ပြောကြားသည်။
နိုင်ငံအတွင်း ကိုဗစ်ရောဂါစတင်ဖြစ်ပွားချိန်ကတည်းကစပြီး ကိုဗစ်ရောဂါကာကွယ်ဆေး ၁၀၇၄၀၃၂၉၄ ကိုဖြန့်ဝေပြီးဖြစ်ရာ ၎င်းတို့အနက် ကာကွယ်ဆေး ၉၈၇၈၅၀၇၁ ကိုထိုးနှံပြီး ဖြစ်သည်ဟု ထိုဝန်ကြီးဌာနကဆိုသည်။
နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါကာကွယ်ဆေးပထမအကြိမ်ထိုးနှံပြီးသူ ၄၀၇၁၄၃၀၀ ခန့်ရှိပြီး ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးသူ ၃၇၂၄၈၆၁၇ ဦးရှိသည်။ ၁၇၇၉၅၉၃၂ ဦးသည် ကာကွယ်ဆေးအပိုဆောင်းထိုးနှံမှုခံယူပြီး ဖြစ်သည်။
ထိုဝန်ကြီးဌာနက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၉၀၈၃၆၇၃ ဦး ရှိပြီး ထိုရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၂၈၆၅၃ ဦးရှိသည်ဟု အတည်ပြုထုတ်ပြန်ထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို