မေ ၂

 

ပါကစ္စတန်နိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေ ၄၀ ထပ်မံတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁၅၂၈၅၁၈ ဦး အထိ မြင့်တက်လာသည်ဟု ထိုဝန်ကြီးဌာ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ထိုရောဂါကူးစက်ခံရမှုကြောင့် တစ်ဦးထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူပေါင်း ၃၀၃၇၂ ဦးအထိ ရှိလာသည်ဟု ဖော်ပြထားသည်။

 

နိုင်ငံတစ်ဝန်းတွင် ပြီးခဲ့သည့်စနေနေ့က ၁၆၁၆၅ ဦးကို စမ်းသပ်စစ်ဆေးခဲ့ပြီး ကိုဗစ်ရောဂါကူးစက်မှုနှုန်း သုည ဒသမ ၂၅ ရာခိုင်နှုန်းရှိသည်ဟု ဆိုသည်။ 

 

နိုင်ငံအတွင်း ကိုဗစ်ရောဂါကူးစက်ခံရမှုကြောင့် ကျန်းမာရေးအခြေအနေစိုးရိမ်ရသူ ၁၁၁ ဦး ရှိကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို