ရန်ကုန်၊ မေ ၂
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ဗဟိုလေ့ကျင့်ရေးကျောင်းတွင် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းများဖြစ်သော စီမံခန့်ခွဲရေး သင်တန်း အမှတ်စဉ်(၇၆)၊ အဆင့်မြင့် စက်ချုပ်နည်းပြသင်တန်း အမှတ်စဉ် (၄၀)၊ စာရေးဝန်ထမ်း သင်တန်းအမှတ်စဉ် (၁၁၀) သင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲတွင် သင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးသိန်းဌေးဦး တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ အဆင့်ဆင့်သော ဝန်ထမ်းများ အရည်အသွေး ထက်မြက်ပြီး အတွေးအခေါ် မှန်ကန်မြင့်မားလာစေရန်၊ မိမိရာထူးအဆင့်နှင့်အညီ လုပ်ငန်းတာဝန်များကို ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်ရုံသာမက ဆင်ခြင်တုံတရား ပြည့်ဝသော ဝန်ထမ်းကောင်းများ ဖြစ်လာစေရန်၊ သင်ကြားတတ်မြောက်ထားသော အတတ်ပညာများကို လက်တွေ့နယ်ပယ်တွင် အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ ဝန်ကြီးဌာနမှ အားကိုးရသော ဝန်ထမ်းကောင်းများ ဖြစ်လာစေရန် ရည်ရွယ်ပြီး အဆိုပါသင်တန်းများကို မေ ၂ ရက်မှ ဇူလိုင် ၂၂ ရက်အထိ ရက်သတ္တ ၁၂ ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ရာ သင်တန်းသား သင်တန်းသူ ၁၅၀ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်