ဘန်ကောက် မေ ၃
ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီးဒါးနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယုချန်အိုချာ တို့နှစ်ဦးသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မေ ၂ ရက်က တွေ့ဆုံဆွေးနွေးကြသည်။
တွေ့ဆုံဆွေးနွေးပွဲကို နှစ်နာရီကြာ ကျင်းပပြုလုပ်ခဲ့ပြီး ယနေ့အစောပိုင်းတွင် မြို့တော်ဘန်ကောက်တွင် ဂျပန်ဝန်ကြီးချုပ် ကီရှီးဒါးအား ကြိုဆိုပွဲအခမ်းအနား ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲအစတွင် ဂျပန်ဝန်ကြီးချုပ် ကီရှီးဒါး က ဂျပန်နိုင်ငံ၏ မဟာဗျူဟာမြောက် မိတ်ဖက် နိုင်ငံတစ်နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံနှင့် ချစ်ကြည် ရင်းနှီးမှု ပိုပိုခိုင်မာစေရန် လိုလားကြောင်း ထိုင်း နိုင်ငံ ဝန်ကြီးချုပ်နှင့်အတူ ဆွေးနွေးပြောကြားခဲ့သည်။
ထိုင်းနိုင်ငံအား ဂျပန်နိုင်ငံ၏ ဘက်စုံမဟာ ဗျူဟာမြောက် မိတ်ဖက်နိုင်ငံအဖြစ် ပိုမိုမြှင့်တင်သွားရန် ဂျပန်ဝန်ကြီးချုပ် ကီရှီးဒါးက ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယုအား အဆိုပြုခဲ့ကြောင်း ဂျပန် ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ဂျပန်ဝန်ကြီးချုပ် ကီရှီးဒါးက နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုမြင့်မားသည့်အဆင့်တစ်ခုအဖြစ် ဆွေးနွေးနိုင်ရန် ပိုမိုလေးနက်သော အကြံပြုချက်ကို ရရှိရန်လိုလားကြောင်း ဂျပန်ဝန်ကြီးချုပ် ကီရှီးဒါးက ပြောကြားခဲ့သည်။
နှစ်နိုင်ငံခေါင်းဆောင်များသည် ဂျပန်နိုင်ငံမှ ထိုင်းနိုင်ငံသို့ ကာကွယ်ရေးပစ္စည်း ကိရိယာများ တင်ပို့ခြင်းနှင့် နည်းပညာ ဖလှယ်ရေး စာချုပ်တစ်ခုကို လက်မှတ်ရေးထိုးရန် သဘောတူမည်ဟု ယုံကြည်လျက်ရှိသည်။
အစည်းအဝေးတွင် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ပတ်သက်သည့် စီမံချက်များ၊ နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများနှင့် နှစ်နိုင်ငံတာဝန်ရှိသူများကြား ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာမည့် စာချုပ် ချုပ်ဆိုရေးများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ