မေ ၃

 

တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၅၁၁၃၁ ဦးထပ်မံတွေ့ရှိခဲ့ပြီး ရောဂါကူးစက်ဖြစ်ပွားသူပေါင်း ၁၇၃၄၆၇၅၃ ဦးအထိ မြင့်တက်လာကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ယနေ့တွင် ပြောကြားသည်။

 

ပြီးခဲ့သည့်နေ့က ရောဂါကူးစက်ခံရသူ ၂၀၀၈၄ ဦးရှိရာမှ ကူးစက်ဖြစ်ပွားသူ အရေအတွက်မြင့်တက် လာခြင်းဖြစ်သည်။

 

သို့ရာတွင် ပြီးခဲ့သည့် သီတင်းအစောပိုင်းက ရောဂါကူးစက်ခံရသူ ၈၀၃၄၉ ဦးရှိသည့် စံချိန်တင်ကူးစက်မှုထက် လျော့နည်းလာသည်ဟု ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအေဂျင်စီက ဆိုသည်။

 

ထိုကူးစက်မှုများအနက် ၄၅ ဦးသည် ပြည်ပကူးစက်မှုဖြစ်ပြီး ပြည်ပကူးစက်မှုပေါင်း ၃၂၀၄၁ ဦးရှိလာသည်။

 

အဆိုပါရောဂါကူးစက်ခံရမှုကြောင့် ၄၉ ဦးထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၂၃၀၀၇ ဦးရှိသည်။

 

နိုင်ငံ့လူဦးရေ၏ ၈၆ ဒသမ ၈ ရာခိုင်နှုန်းအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပေးပြီး ဖြစ်ကြောင်းနှင့် နိုင်ငံ့လူဦးရေ၏ ၆၄ ဒသမ ၆ ရာခိုင်နှုန်းအား ကိုဗစ်ကာကွယ်ဆေး အပိုဆောင်းထိုးနှံပေးပြီး ဖြစ်ကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို