မေ ၃

 

ဂျပန်နိုင်ငံ နွေဦးရာသီအတွင်း လေကြောင်းလိုင်းများမှခရီးသွားများအား တိုကျိုမြို့ရှိ ဟာနီဒါလေဆိပ်တွင် ကိုဗစ်-၁၉ ရောဂါ အခမဲ့စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပေးလျက်ရှိသည်။

 

အဆိုပါလေဆိပ်တွင် ယနေ့ လူများစည်ကားနေပြီး နွေဦးအားလပ်ရက်ရာသီအတွင်း ၎င်းတို့၏ဇာတိမြို့များနှင့် အပန်းဖြေ နေရာများသို့ လေကြောင်းခရီးဖြင့် သွားလာနေကြခြင်း ဖြစ်သည်။

 

ထိုအားလပ်ရက်များသည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ကန့်သတ်ချက်များမပါပဲခရီးသွားလာခွင့်ပြုခြင်းသည် သုံးနှစ်အတွင်းပထမဦးဆုံးဖြစ်သည်။

 

ယင်းလေဆိပ်အဝင်အဆောက်အအုံရှိ စင်တာများတွင် ကိုဗစ်ရောဂါဆိုင်ရာ ပီစီအာစမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပေးလျက်ရှိသည်။ 

 

လေဆိပ်ဝင်ပေါက် ၁ ၏ စတုတ္ထထပ်နှင့် လေဆိပ်ဝင်ပေါက် ၂ ၏ မြေညီထပ်တို့တွင် ကိုဗစ်ရောဂါစမ်းသပ် စစ်ဆေးသည့် စင်တာများ ထားရှိသည်ဟု သိရသည်။ ကိုဗစ်အခမဲ့စစ်ဆေးသည့်ဝန်ဆောင်မှုသည် မေလ ၂၂ ရက်နေ့အထိ ဖြစ်သည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို